Tuesday, February 6, 2007

WILLING TO BE KILLED MYSELF

လျှောက်ခဲ့တဲ့ ၀င်္ကပါလမ်း..
ဆောက်ခဲ့တဲ့ တံတားက အခြေမခိုင်..၊
တိမ်စိုင်လို အတွေးများ..
ဆေးလိပ်ငွေ့တွေနဲ့ ထွေးဖက်ယှက်နွယ်လို့
အခန်းကျဉ်းထဲကနေ..လွင့်..မျော....နေ..လိုက်တာ........
အသိစိတ်တွေ ...ဝေ..၀ါး...
ခါးသက်တဲ့ စကားတွေကို ..
ပျားရည်ပါးပါးနဲ့ မျိုချချင်တယ် ..၊

ချစ်သူများနေ့ ဆိုတာ...
ငါနဲ့ ဆိုင်သူကြားမှာ မရှိပေမယ့်..
ငါရဲ့ ပြင်္ကဒိန်မှာ ပုံနှိပ်မြဲပါပဲ...။
အို...သူမ...
သင် ..သိပါသလား.....၊
နားမလည်နိုင်ဆုံး ဘာသာစကားဟာ..
ချစ်သူရဲ့ ဘာသာစကားဆိုတာ...
...............................................
အင်းလေ....... .......... .......
ရူးသွပ်မှုကို ဖြစ်စေမယ့် မိုးခါးရေကိုပဲ
တစ်ရှိုက်မက်မက် သောက်ချင်မိခဲ့တာကိုး... .. ...။

ထမ်းပိုးမထားပေမယ့်..
လေးလံနေတယ်...၊
ဖက်တွယ်မထားပေမယ့်
မြဲမြံနေတယ်........၊
ငါ ကြည့်ခဲ့တဲ့မှန်က ..
မှန်ဘီလူး ဖြစ်နေလို့လား...၊
ငါ့ကိုယ်ငါပဲ...
မသိလို့လား... .... ၊
ကြိမ်နှုန်းမညီတဲ့ လှိုင်းတွေ..
ငါ့နားထဲ အမြဲတမ်း စီးဝင်နေပေမယ့်..
ငါက..
ဂီတသံလို ခုန်မင်ခဲ့တယ်လေ...။

ချစ်သူရယ်... .... ...
ငါ့ သံမဏိကို ငါရှာ..
ငါ ကိုယ်တိုင် မီးဖုတ်..
ငါ့အတွက် ဒါးတစ်လက်လောက် လုပ်ခွင့်ပြုပါ...။

No comments: