Tuesday, February 6, 2007

The Solid

မီးတောင်တစ်လုံးရဲ့ စီးလာတဲ့
ချော်ရည်ပူတွေ ငါမျိုချခဲ့ ... ... ...

ရင်ထဲမှာ... ...
ချော်ရည်ခဲအဖြစ် ဖြစ်တည်..
သွေးများဆူပွက်...
ရောဂါတက်... ...
အစိမ်းသေ... ...
မကျက်တကျက် အသဲနှလုံး...
ငါကိုယ်တိုင် အစိမ်းသက်သက် ခွဲထုတ်..
ချော်ရည်ခဲကို ငါ့ပင်လယ်ထဲ သိမ်းဝှက်..
ချစ်သူ ... ... ...
ငါ့အလောင်းကို ရေခဲတိုက်ထဲ သော့ခတ်...
သင်္ဂြိုဟ်တော့ မပစ်လိုက်ပါနဲ့ ။

No comments: