Tuesday, February 6, 2007

Holding

သူငယ်ချင်းတစ်ယောက်က ပြောတယ်....၊
အချစ်ဆိုတာ... ....
“အသက်ရှုသလောက် လွယ်ကူသလို..
အသက်ရှုသလောက်လဲ အရေးကြီးတယ်” တဲ့ ။

ချစ်သူ.. ... ..
မင်းရဲ့ အောက်စီဂျင်တွေကိုပဲ .. ငါ လိုလိုချင်ချင် တောင့်တခဲ့မိတာပါ ။

သကြားဟာ..ရေထဲမှာ ပျော်ဝင်ရင်း
ရေကို ချိုမြစေတာပါ.. .. ၊
ငါလည်း ချိုမြမှုတွေ..မင်းအတွက် ဖြစ်စေခဲ့မှာ သေချာပါတယ်..။

အချစ်ရဲ့ နူးညံ့မှုထဲမှာ ပျော်ဝင်ရင်း ...
ငါ့ဘ၀ကို မင်းဆီမှာ... ... ပေးဆပ်လိုက် ချင်တယ်၊
စတေးလိုက် ချင်တယ်၊
မြုပ်နှံလိုက် ချင်တယ်.. ..။

ှဆုပ်ကိုင်ထားခြင်းသည် လေးလံ၏ ၊
မည်သည့် ပေါ့ပါးသည့် အရာကိုမဆို လွှတ်မချနိုင်လောက်အောင်..
ဆုပ်ကိုင်ထားခြင်းသည်...အလေးလံဆုံးဖြစ်၏ ..။
ကျွန်တော်သည်.. မပေါ့ပါးသည့် အရာတစ်ခုအား..
မည်သည့်အကြောင်းကြောင့်နှင့်မျှ လွှတ်မချနိုင်သဖြင့် ..
ပို၍ ပေါ့ပါးသည်.. .. .. ။

No comments: