Saturday, June 2, 2007

တစ်နေရာ

အသဲကွဲတယ်ဆိုတာ
အပေါစားဟာသတစ်ပုဒ်လား........
သူငယ်ချင်းတစ်ယောက်လိုပဲ ဆိုတဲ့စကားသံ
ငါ့နားထဲစွဲကျန်........
စမ်းတွေလည်း မအေးဘူး
ပန်းတွေလည်း မမွှေးဘူး
လမ်းတွေလည်း မကွေးဘူး
ငန်းတွေလည်း မပြေးဘူး
ကြမ်းတွေလည်း မဆွေးဘူး
ဒဏ်ရာတွေ ဗရပွ
ငါ့နှလုံးသား စုတ်ပြတ်မွကြေ
သံလမ်းမှတ်တိုင်ကို လွမ်းတယ်.......
ညနေ ၄:၃၀ ကိုလွမ်းတယ်
မျက်လုံးဆိုတာ အပေါ်ယံပဲကြည့်တတ်သလား
ရုပ်ဝတ်ထုတွေဟာ ဘ၀လား
စိတ်ချမ်းသာမှုဟာ ဘ၀လား
အင်းလေ.....
သံယောဇဉ်ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးလေးတစ်ကောင်ပဲဟာ။
အဲဒီခွေးလေးက ငါ့နှလုံးသားကို
ကိုက်ဖြတ်စားသုံး
ကောင်းကင်အရောင်ပြောင်းသွားပြီ
မျှော်လင့်ချက်တွေ အရောင်ပြောင်းသွားပြီ
ငါ့ရဲ့ပုံမှန်ဘ၀ကို ဘယ်တော့မှပြန်ရနိုင်တော့မလဲ....
ငါ့ခြေထောက်တွေကိုရိုက်ချိုးချင်တယ်.......
ငါ့မျက်လုံတွေကို ဖောက်ထုတ်ချင်တယ်......
အသဲကို လွှင့်ပစ်ချင်တယ်....
ခံစားမှုတွေကို မုန်းလာတယ်....
ရုပ်ဝတ်ထုတွေကို မုန်းလာတယ်
ရင်ခုန်သံတွေကို မုန်းလာတယ်.....
ငါ့အသွေးအသား
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.....................................
မျှော်လင့်ချက်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
အနာဂတ်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
ဘ၀တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
ဆန်ဒတွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း................................
အချစ်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
အေးစက်တဲ့ မျက်ဝန်းတစ်စုံက
ငါ့ရင်ကိုပူစေသတဲ့လား.........
အမြန်ရှာပေးကြပါ..
ငါ့အတွက်မြေနေရာတစ်ခု၊
ပေါက်တူးတစ်လက်၊
ဂေါ်ပြားတစ်လက်၊
အခေါင်းတစ်လုံး၊
ငွေတစ်မတ်တော့ထည့်မပေးလိုက်ပါနဲ့၊
ငါ့ဝိဥာဉ် သူ့အနားမှာ ရှိနေချင်လို့ပါ။

No comments: