Tuesday, February 6, 2007

WILLING TO BE KILLED MYSELF

လျှောက်ခဲ့တဲ့ ၀င်္ကပါလမ်း..
ဆောက်ခဲ့တဲ့ တံတားက အခြေမခိုင်..၊
တိမ်စိုင်လို အတွေးများ..
ဆေးလိပ်ငွေ့တွေနဲ့ ထွေးဖက်ယှက်နွယ်လို့
အခန်းကျဉ်းထဲကနေ..လွင့်..မျော....နေ..လိုက်တာ........
အသိစိတ်တွေ ...ဝေ..၀ါး...
ခါးသက်တဲ့ စကားတွေကို ..
ပျားရည်ပါးပါးနဲ့ မျိုချချင်တယ် ..၊

ချစ်သူများနေ့ ဆိုတာ...
ငါနဲ့ ဆိုင်သူကြားမှာ မရှိပေမယ့်..
ငါရဲ့ ပြင်္ကဒိန်မှာ ပုံနှိပ်မြဲပါပဲ...။
အို...သူမ...
သင် ..သိပါသလား.....၊
နားမလည်နိုင်ဆုံး ဘာသာစကားဟာ..
ချစ်သူရဲ့ ဘာသာစကားဆိုတာ...
...............................................
အင်းလေ....... .......... .......
ရူးသွပ်မှုကို ဖြစ်စေမယ့် မိုးခါးရေကိုပဲ
တစ်ရှိုက်မက်မက် သောက်ချင်မိခဲ့တာကိုး... .. ...။

ထမ်းပိုးမထားပေမယ့်..
လေးလံနေတယ်...၊
ဖက်တွယ်မထားပေမယ့်
မြဲမြံနေတယ်........၊
ငါ ကြည့်ခဲ့တဲ့မှန်က ..
မှန်ဘီလူး ဖြစ်နေလို့လား...၊
ငါ့ကိုယ်ငါပဲ...
မသိလို့လား... .... ၊
ကြိမ်နှုန်းမညီတဲ့ လှိုင်းတွေ..
ငါ့နားထဲ အမြဲတမ်း စီးဝင်နေပေမယ့်..
ငါက..
ဂီတသံလို ခုန်မင်ခဲ့တယ်လေ...။

ချစ်သူရယ်... .... ...
ငါ့ သံမဏိကို ငါရှာ..
ငါ ကိုယ်တိုင် မီးဖုတ်..
ငါ့အတွက် ဒါးတစ်လက်လောက် လုပ်ခွင့်ပြုပါ...။

LONELY

ငါ့ ခေါင်းထဲမှာ...
အဖြူ ၊ အနီ ၊ အပြာ ၊ ခရမ်း ၊ ပန်းရောင် တွေ ၀ဲပျံနေတယ် ။
ငါ့အဖော် အဖြစ် ..
ကျွမ်းနေတဲ့ မီးချောင်း ..၊
ကြိုးတစ်ဖက် ပြတ်နေတဲ့ လက်ပတ်နာရီတစ်လုံး..၊
နံရံမှာချိတ်ထားတဲ့ အချိန်မမှန်တဲ့ နာရီတစ်လုံး...၊
ငါ့ကိုယ်ငါ ပြန်မမြင်နိုင်တဲ့ မှန်ကွဲတစ်ချပ်..၊
ပျေက်သွားတဲ့ ဘယ်ဖက်ဖိနပ်တစ်ဖက်...၊
နောက် ... ... ..
ဟောင်းနွမ်းသွားတဲ့ ရက်စွဲများ...၊
ဘယ်တော့မှ ရောက်မလာတော့မယ့် ...ရထားတစ်စီး...၊
MARLBOROစီးကရက်ဘူးခွံ တစ်ခု...၊
ရေမရှိပဲ လှိုင်းထန်နေတဲ့ ခွက်လွတ်တစ်လုံး...၊
သေတမ်းစာတစ်စောင်...၊
လူကြုံရှိရင် ပြောပေးပါ..။
ကျွန်တော့် ရဲ့ အသုဘဖိတ်စာ ပေးချင်လို့ .. ... ... ...။

Holding

သူငယ်ချင်းတစ်ယောက်က ပြောတယ်....၊
အချစ်ဆိုတာ... ....
“အသက်ရှုသလောက် လွယ်ကူသလို..
အသက်ရှုသလောက်လဲ အရေးကြီးတယ်” တဲ့ ။

ချစ်သူ.. ... ..
မင်းရဲ့ အောက်စီဂျင်တွေကိုပဲ .. ငါ လိုလိုချင်ချင် တောင့်တခဲ့မိတာပါ ။

သကြားဟာ..ရေထဲမှာ ပျော်ဝင်ရင်း
ရေကို ချိုမြစေတာပါ.. .. ၊
ငါလည်း ချိုမြမှုတွေ..မင်းအတွက် ဖြစ်စေခဲ့မှာ သေချာပါတယ်..။

အချစ်ရဲ့ နူးညံ့မှုထဲမှာ ပျော်ဝင်ရင်း ...
ငါ့ဘ၀ကို မင်းဆီမှာ... ... ပေးဆပ်လိုက် ချင်တယ်၊
စတေးလိုက် ချင်တယ်၊
မြုပ်နှံလိုက် ချင်တယ်.. ..။

ှဆုပ်ကိုင်ထားခြင်းသည် လေးလံ၏ ၊
မည်သည့် ပေါ့ပါးသည့် အရာကိုမဆို လွှတ်မချနိုင်လောက်အောင်..
ဆုပ်ကိုင်ထားခြင်းသည်...အလေးလံဆုံးဖြစ်၏ ..။
ကျွန်တော်သည်.. မပေါ့ပါးသည့် အရာတစ်ခုအား..
မည်သည့်အကြောင်းကြောင့်နှင့်မျှ လွှတ်မချနိုင်သဖြင့် ..
ပို၍ ပေါ့ပါးသည်.. .. .. ။

LOVE IS OZONE

ချစ်သူ... ... ...
နေကောင်းရဲ့ လား...?
ဘယ်နေ့ ပြန်လာမှာလဲ... ?
အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းနေမိတယ် ..!!
မင်းနဲ့ မတွေ့ရတဲ့ နေ့တွေ၊ ညတွေ တိုင်း ... ငါ မပျော်နိုင်ခဲ့ဘူး .. .. ၊
1> အချစ်ဆိုတာ .. ရေခဲချောင်း စားသလိုပဲ တဲ့ ၊ ကောင်းကောင်းစားပြီးချိန်မှာ ဘာမှ အရသာမရှိတော့တဲ့
ဒုတ်ချောင်းပဲ ကျန်တော့တယ် ။
2> တစ်ချို့ က အချစ်ဆိုတာ... အိုဇုန်းလွှာလိုပဲ တဲ့ ...၊
သူမရှိမှ သူ့ ရဲ့ တန်ဖိုးကို သိလာတယ်..။
ကိုယ်တော့ ပထမအဆိုကို ငြင်းတယ်...။
မင်းတော့ ... ... ဒုတိယအဆိုကို လက်ခံလာလိမ့်မယ် ထင်တာပဲ...။

The Solid

မီးတောင်တစ်လုံးရဲ့ စီးလာတဲ့
ချော်ရည်ပူတွေ ငါမျိုချခဲ့ ... ... ...

ရင်ထဲမှာ... ...
ချော်ရည်ခဲအဖြစ် ဖြစ်တည်..
သွေးများဆူပွက်...
ရောဂါတက်... ...
အစိမ်းသေ... ...
မကျက်တကျက် အသဲနှလုံး...
ငါကိုယ်တိုင် အစိမ်းသက်သက် ခွဲထုတ်..
ချော်ရည်ခဲကို ငါ့ပင်လယ်ထဲ သိမ်းဝှက်..
ချစ်သူ ... ... ...
ငါ့အလောင်းကို ရေခဲတိုက်ထဲ သော့ခတ်...
သင်္ဂြိုဟ်တော့ မပစ်လိုက်ပါနဲ့ ။

Saturday, February 3, 2007

missing you

I miss you the whole day,the whole night,and the whole life.
I had lost my mind and my soul.
How is everything wiht u?This question is echo in my heart and memory.
Love is blind for everybody.Me too .Cos u.Tell me the truth.Tell me the word to broke my heart.I had thought to give the eye protector to u in ur birthday.It is not precious but it will be useful for u.Whenever u use ur computer,it will help u from the risk and so on.
Ma, I do love u.I do love u.I do really love u.