Saturday, June 2, 2007

ကောင်လေးတစ်ယောက်အကြောင်း

သူများထက်ပိုပြီး ချစ်တတ် စွဲလန်းတတ်.........

ခေါင်းမာတဲ့ဥာဉ်လေး တစ်ခုကြောင့် အသဲတွေပေါက်ထွက်........

ရည်မှန်းချက်တွေပျောက်ပျက်.......



သူများတွေလို ကောင်းကင်မရှိတော့လည်း

မြေပြင်မှာပဲ တ၀ဲလည်နေရ.........


စိတ်ကူးယဉ် ရွက်တွေလွှင့်ခဲ့တာတောင်

မုန်တိုင်းနဲ့ကြုံကြုံနေရ။



သူရဲ့ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ကိုချစ်တယ်........

ရက်စက်တတ်တဲံကောင်မလေးကို ရက်ရက်စက်စက်ချစ်တယ်..........



မျက်လုံးကန်းခဲ့ရင်လည်း

ငါ့ခရီး ငါ့လမ်းကို အဆုံးထိဆက်လျှောက်မယ်.....



ဘ၀ခရီးအတွက် ခြေထောက်ကျိုးခဲ့ရင်လည်း

တရွတ်တိုက်လျှောက်မယ်.............

အေးခဲတာမမြန်တာကြောင့် အရည်ပျော်ဖို့သိပ်ခက်........

လောင်ကျွှမ်းတာမမြန်တာကြောင့် ငြိမ်းသတ်ဖို့သိပ်ခက်....

ရောက်မလာနိုင်တဲ့ အနာဂတ်နေ့ရက်တွေကို လက်ရည်ချိုးပြီး
ရန်ကုန်မိုးနဲ့အတူလွမ်းနေမယ်.......

ကြမ်းခင်းဈေးနဲ့တင် နောက်ပြန်လှည့်နေရတဲ့ဘ၀.....
တတ်နိုင်ရင်ဈေးပိုပေးချင်တယ်......
ဗလာအိပ်မက်ထဲမှာ
ငါ့အချစ်တွေ သုညဖြစ်ခဲ့........................................................
အချစ်ဆိုတာ ဘာလဲ?
ဝိ၀ါဒမကွဲ
နယူတန်ပဲမှားနေသလား........................................................

ငါကြည့်ခဲ့တဲ့မှန်ကပဲ ပြဒါးမပါတာလား။
ငါမှာအချစ်ကိုရှာတဲ့ Search Engine တစ်ခုရှိရင်ကောင်းမယ်.......
မင်းဟာ ငါ့ရဲ့နံရိုးတစ်ချောင်း...
မင်းဟာ ငါ့ရဲ့ထမင်း(မည်သည့်အခါမှ ရိုးအီမသွားသော)................
မင်းဟာ ငါ့ရဲ့ဝိဥာဉ်........
မင်းဟာ ငါ့ရဲ့ဆန်ဒ.......
မင်းဟာ ငါ့ရဲ့ဘ၀.......
မင်းဟာ ငါ့ရဲ့နတ်ဆိုး..........

မင်းဟာ ငါ့ရဲ့ရေအိုး.....(မှတ်ချတ်။ရေဖြည့်မထားသော)

တစ်နေရာ

အသဲကွဲတယ်ဆိုတာ
အပေါစားဟာသတစ်ပုဒ်လား........
သူငယ်ချင်းတစ်ယောက်လိုပဲ ဆိုတဲ့စကားသံ
ငါ့နားထဲစွဲကျန်........
စမ်းတွေလည်း မအေးဘူး
ပန်းတွေလည်း မမွှေးဘူး
လမ်းတွေလည်း မကွေးဘူး
ငန်းတွေလည်း မပြေးဘူး
ကြမ်းတွေလည်း မဆွေးဘူး
ဒဏ်ရာတွေ ဗရပွ
ငါ့နှလုံးသား စုတ်ပြတ်မွကြေ
သံလမ်းမှတ်တိုင်ကို လွမ်းတယ်.......
ညနေ ၄:၃၀ ကိုလွမ်းတယ်
မျက်လုံးဆိုတာ အပေါ်ယံပဲကြည့်တတ်သလား
ရုပ်ဝတ်ထုတွေဟာ ဘ၀လား
စိတ်ချမ်းသာမှုဟာ ဘ၀လား
အင်းလေ.....
သံယောဇဉ်ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးလေးတစ်ကောင်ပဲဟာ။
အဲဒီခွေးလေးက ငါ့နှလုံးသားကို
ကိုက်ဖြတ်စားသုံး
ကောင်းကင်အရောင်ပြောင်းသွားပြီ
မျှော်လင့်ချက်တွေ အရောင်ပြောင်းသွားပြီ
ငါ့ရဲ့ပုံမှန်ဘ၀ကို ဘယ်တော့မှပြန်ရနိုင်တော့မလဲ....
ငါ့ခြေထောက်တွေကိုရိုက်ချိုးချင်တယ်.......
ငါ့မျက်လုံတွေကို ဖောက်ထုတ်ချင်တယ်......
အသဲကို လွှင့်ပစ်ချင်တယ်....
ခံစားမှုတွေကို မုန်းလာတယ်....
ရုပ်ဝတ်ထုတွေကို မုန်းလာတယ်
ရင်ခုန်သံတွေကို မုန်းလာတယ်.....
ငါ့အသွေးအသား
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.....................................
မျှော်လင့်ချက်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
အနာဂတ်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
ဘ၀တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
ဆန်ဒတွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း................................
အချစ်တွေ
မင်းရဲ့အမုန်းနဲ့အတူခြောက်သယောင်း.......................
အေးစက်တဲ့ မျက်ဝန်းတစ်စုံက
ငါ့ရင်ကိုပူစေသတဲ့လား.........
အမြန်ရှာပေးကြပါ..
ငါ့အတွက်မြေနေရာတစ်ခု၊
ပေါက်တူးတစ်လက်၊
ဂေါ်ပြားတစ်လက်၊
အခေါင်းတစ်လုံး၊
ငွေတစ်မတ်တော့ထည့်မပေးလိုက်ပါနဲ့၊
ငါ့ဝိဥာဉ် သူ့အနားမှာ ရှိနေချင်လို့ပါ။

Tuesday, February 6, 2007

WILLING TO BE KILLED MYSELF

လျှောက်ခဲ့တဲ့ ၀င်္ကပါလမ်း..
ဆောက်ခဲ့တဲ့ တံတားက အခြေမခိုင်..၊
တိမ်စိုင်လို အတွေးများ..
ဆေးလိပ်ငွေ့တွေနဲ့ ထွေးဖက်ယှက်နွယ်လို့
အခန်းကျဉ်းထဲကနေ..လွင့်..မျော....နေ..လိုက်တာ........
အသိစိတ်တွေ ...ဝေ..၀ါး...
ခါးသက်တဲ့ စကားတွေကို ..
ပျားရည်ပါးပါးနဲ့ မျိုချချင်တယ် ..၊

ချစ်သူများနေ့ ဆိုတာ...
ငါနဲ့ ဆိုင်သူကြားမှာ မရှိပေမယ့်..
ငါရဲ့ ပြင်္ကဒိန်မှာ ပုံနှိပ်မြဲပါပဲ...။
အို...သူမ...
သင် ..သိပါသလား.....၊
နားမလည်နိုင်ဆုံး ဘာသာစကားဟာ..
ချစ်သူရဲ့ ဘာသာစကားဆိုတာ...
...............................................
အင်းလေ....... .......... .......
ရူးသွပ်မှုကို ဖြစ်စေမယ့် မိုးခါးရေကိုပဲ
တစ်ရှိုက်မက်မက် သောက်ချင်မိခဲ့တာကိုး... .. ...။

ထမ်းပိုးမထားပေမယ့်..
လေးလံနေတယ်...၊
ဖက်တွယ်မထားပေမယ့်
မြဲမြံနေတယ်........၊
ငါ ကြည့်ခဲ့တဲ့မှန်က ..
မှန်ဘီလူး ဖြစ်နေလို့လား...၊
ငါ့ကိုယ်ငါပဲ...
မသိလို့လား... .... ၊
ကြိမ်နှုန်းမညီတဲ့ လှိုင်းတွေ..
ငါ့နားထဲ အမြဲတမ်း စီးဝင်နေပေမယ့်..
ငါက..
ဂီတသံလို ခုန်မင်ခဲ့တယ်လေ...။

ချစ်သူရယ်... .... ...
ငါ့ သံမဏိကို ငါရှာ..
ငါ ကိုယ်တိုင် မီးဖုတ်..
ငါ့အတွက် ဒါးတစ်လက်လောက် လုပ်ခွင့်ပြုပါ...။

LONELY

ငါ့ ခေါင်းထဲမှာ...
အဖြူ ၊ အနီ ၊ အပြာ ၊ ခရမ်း ၊ ပန်းရောင် တွေ ၀ဲပျံနေတယ် ။
ငါ့အဖော် အဖြစ် ..
ကျွမ်းနေတဲ့ မီးချောင်း ..၊
ကြိုးတစ်ဖက် ပြတ်နေတဲ့ လက်ပတ်နာရီတစ်လုံး..၊
နံရံမှာချိတ်ထားတဲ့ အချိန်မမှန်တဲ့ နာရီတစ်လုံး...၊
ငါ့ကိုယ်ငါ ပြန်မမြင်နိုင်တဲ့ မှန်ကွဲတစ်ချပ်..၊
ပျေက်သွားတဲ့ ဘယ်ဖက်ဖိနပ်တစ်ဖက်...၊
နောက် ... ... ..
ဟောင်းနွမ်းသွားတဲ့ ရက်စွဲများ...၊
ဘယ်တော့မှ ရောက်မလာတော့မယ့် ...ရထားတစ်စီး...၊
MARLBOROစီးကရက်ဘူးခွံ တစ်ခု...၊
ရေမရှိပဲ လှိုင်းထန်နေတဲ့ ခွက်လွတ်တစ်လုံး...၊
သေတမ်းစာတစ်စောင်...၊
လူကြုံရှိရင် ပြောပေးပါ..။
ကျွန်တော့် ရဲ့ အသုဘဖိတ်စာ ပေးချင်လို့ .. ... ... ...။

Holding

သူငယ်ချင်းတစ်ယောက်က ပြောတယ်....၊
အချစ်ဆိုတာ... ....
“အသက်ရှုသလောက် လွယ်ကူသလို..
အသက်ရှုသလောက်လဲ အရေးကြီးတယ်” တဲ့ ။

ချစ်သူ.. ... ..
မင်းရဲ့ အောက်စီဂျင်တွေကိုပဲ .. ငါ လိုလိုချင်ချင် တောင့်တခဲ့မိတာပါ ။

သကြားဟာ..ရေထဲမှာ ပျော်ဝင်ရင်း
ရေကို ချိုမြစေတာပါ.. .. ၊
ငါလည်း ချိုမြမှုတွေ..မင်းအတွက် ဖြစ်စေခဲ့မှာ သေချာပါတယ်..။

အချစ်ရဲ့ နူးညံ့မှုထဲမှာ ပျော်ဝင်ရင်း ...
ငါ့ဘ၀ကို မင်းဆီမှာ... ... ပေးဆပ်လိုက် ချင်တယ်၊
စတေးလိုက် ချင်တယ်၊
မြုပ်နှံလိုက် ချင်တယ်.. ..။

ှဆုပ်ကိုင်ထားခြင်းသည် လေးလံ၏ ၊
မည်သည့် ပေါ့ပါးသည့် အရာကိုမဆို လွှတ်မချနိုင်လောက်အောင်..
ဆုပ်ကိုင်ထားခြင်းသည်...အလေးလံဆုံးဖြစ်၏ ..။
ကျွန်တော်သည်.. မပေါ့ပါးသည့် အရာတစ်ခုအား..
မည်သည့်အကြောင်းကြောင့်နှင့်မျှ လွှတ်မချနိုင်သဖြင့် ..
ပို၍ ပေါ့ပါးသည်.. .. .. ။

LOVE IS OZONE

ချစ်သူ... ... ...
နေကောင်းရဲ့ လား...?
ဘယ်နေ့ ပြန်လာမှာလဲ... ?
အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းနေမိတယ် ..!!
မင်းနဲ့ မတွေ့ရတဲ့ နေ့တွေ၊ ညတွေ တိုင်း ... ငါ မပျော်နိုင်ခဲ့ဘူး .. .. ၊
1> အချစ်ဆိုတာ .. ရေခဲချောင်း စားသလိုပဲ တဲ့ ၊ ကောင်းကောင်းစားပြီးချိန်မှာ ဘာမှ အရသာမရှိတော့တဲ့
ဒုတ်ချောင်းပဲ ကျန်တော့တယ် ။
2> တစ်ချို့ က အချစ်ဆိုတာ... အိုဇုန်းလွှာလိုပဲ တဲ့ ...၊
သူမရှိမှ သူ့ ရဲ့ တန်ဖိုးကို သိလာတယ်..။
ကိုယ်တော့ ပထမအဆိုကို ငြင်းတယ်...။
မင်းတော့ ... ... ဒုတိယအဆိုကို လက်ခံလာလိမ့်မယ် ထင်တာပဲ...။

The Solid

မီးတောင်တစ်လုံးရဲ့ စီးလာတဲ့
ချော်ရည်ပူတွေ ငါမျိုချခဲ့ ... ... ...

ရင်ထဲမှာ... ...
ချော်ရည်ခဲအဖြစ် ဖြစ်တည်..
သွေးများဆူပွက်...
ရောဂါတက်... ...
အစိမ်းသေ... ...
မကျက်တကျက် အသဲနှလုံး...
ငါကိုယ်တိုင် အစိမ်းသက်သက် ခွဲထုတ်..
ချော်ရည်ခဲကို ငါ့ပင်လယ်ထဲ သိမ်းဝှက်..
ချစ်သူ ... ... ...
ငါ့အလောင်းကို ရေခဲတိုက်ထဲ သော့ခတ်...
သင်္ဂြိုဟ်တော့ မပစ်လိုက်ပါနဲ့ ။

Saturday, February 3, 2007

missing you

I miss you the whole day,the whole night,and the whole life.
I had lost my mind and my soul.
How is everything wiht u?This question is echo in my heart and memory.
Love is blind for everybody.Me too .Cos u.Tell me the truth.Tell me the word to broke my heart.I had thought to give the eye protector to u in ur birthday.It is not precious but it will be useful for u.Whenever u use ur computer,it will help u from the risk and so on.
Ma, I do love u.I do love u.I do really love u.

Sunday, January 28, 2007

WHAT IS LOVE

အချစ်ဆိုတာ . . . . .
ငါ့အတွက် ထိကိုင်လိုက်တိုင်း နာကျင်ထိခိုက်ရတယ်။ ယုံကြည်မှုဆိုတာ ပိရမစ်တွေလောက် တည်ဆောက်ရတာ မလွယ်ဘူး ။
နားလည်မှု့ အပြည့် နဲ့ စည်းဝိုင်းအပြင်ဘက်ကို ထွက်ပေးတော့လည်း ပြန်ဝင်ပါ တဲ့ ၊ ငါအခုလို ထွက်ပေးရတာကလည်း ငါ့ ရဲ့ ၀ိဥာဉ်တစ်ခုအတွက်ပါ . . . .
ဝိဥာဉ်လေးရေ. . . . .
ငါ မင်းစိတ်ချမ်းသာဖို့ ဆိုရင် ငါအရာရာ ပေးဆပ်ရဲပါတယ်၊ မင်းဖ၀ါးအောက်က မြေကြီးဖြစ်ရင် ဖြစ်ပါစေ။ ငါ ခံယူရဲပါတယ်။
ငါ့ အချစ်ဟာ ( မင်းအတွက်ဆိုရင် . . . )
ကျောက်သားလို မအက်ကွဲတတ်ဘူး၊
မြေကြီးလိုပဲ ကြေမွတတ်ရဲ့ ------(သေချာပါတယ်.........)
အချစ်ဆိုတာ
ဥသြဆွဲရုံ နဲ့ လုံလောက်တဲ့
မီးပေါ့ ဆမှု မျိုး မဟုတ်ဘူးကွယ့် - - - - - - - -- ။ ။

ငါ အခု
သံလမ်းကို လွမ်းတယ် ။
စနေ ၊ တနင်္ဂနွေ ကို လွမ်းတယ် ။
သောကြာနေ့ ညနေ လေးနာရီခွဲ ကို လွမ်းတယ် ။
ကော်ဖီဆိုင် ကို လွမ်းတယ် ။
ဓမ်မာ ရုံ လမ်းကို လွမ်းတယ် ။
ဗဟိုလမ်းကို လွမ်းတယ် ။
ကဲ .....ငါ ဘာတွေ လွမ်းနေသေးလဲ
သူမရဲ့ မျက်စောင်း နက်နက်လေးတွေကို လွမ်းတယ် ၊
သူမရဲ့ ကွန်ပျူတာ ဝေါဟာရလေးတွေ ကို လွမ်းတယ် ၊
သူမရဲ့ ခါးသီးမှု တွေကို လွမ်းတယ် ၊
သူမရဲ့ ...................................................................
............................................................................
.............................................................................
အရာအားလုံးကို နာနာကျင်ကျင် လွမ်းတယ် ။
နောက်ပြီး ...သူမကို ငါ အရမ်း................................................ချစ်...................................တယ်
1> English - I love you
2> Afrikaans - Ek het jou lief
3> Albanian - Te dua
4> Arabic - Ana behibak (to male)
5> Arabic - Ana behibek (to female)
6> Armenian - Yes kez sirumen
7> Bambara - M'bi fe
8> Bangla - Aamee tuma ke bhalo aashi
9> Belarusian - Ya tabe kahayu
10> Bisaya - Nahigugma ako kanimo
11> Bulgarian - Obicham te
12> Cambodian - Soro lahn nhee ah
13> Cantonese Chinese - Ngo oiy ney a
14> Catalan - T'estimo
15> Cheyenne - Ne mohotatse
16> Chichewa - Ndimakukonda
17> China - Wo ai ni
18> Corsican - Ti tengu caru (to male)
19> Creol - Mi aime jou
20> Croatian - Volim te
21> Czech - Miluji te
22> Danish - Jeg Elsker Dig
23> Dutch - Ik hou van jou
24> Esperanto - Mi amas vin
25> Estonian - Ma armastan sind
26> Ethiopian - Afgreki'
27> Faroese - Eg elski teg
28> Farsi - Doset daram
29> Filipino - Mahal kita
30> Finnish - Mina rakastan sinua
31> French - Je t'aime, Je t'adore
32> Gaelic - Ta gra agam ort
33> Georgian - Mikvarhar
34> German - Ich liebe dich
35> Greek - S'agapo
36> Gujarati - Hoo thunay prem karoo choo
37> Hiligaynon - Palangga ko ikaw
38> Hawaiian - Aloha wau ia oi
39> Hebrew - Ani ohev otah (to female)
40> Hebrew - Ani ohev et otha (to male)
41> Hiligaynon - Guina higugma ko ikaw
42> Hindi - Hum Tumhe Pyar Karte hae
43> Hmong - Kuv hlub koj
44> Hopi - Nu' umi unangwa'ta
45> Hungarian - Szeretlek
46> Icelandic - Eg elska tig
47> Ilonggo - Palangga ko ikaw
48> Indonesian - Saya cinta padamu
49> Inuit - Negligevapse
50> Irish - Taim i' ngra leat
51> Italian - Ti amo
52> Japanese - Aishiteru
53> Kannada - Naanu ninna preetisuttene
54> Kapampangan - Kaluguran daka
55> Kiswahili - Nakupenda
56> Konkani - Tu magel moga cho
57> Korean - Sarang Heyo
58> Latin - Te amo
59> Latvian - Es tevi miilu
60> Lebanese - Bahibak
61> Lithuanian - Tave myliu
62> Malay - Saya cintakan mu / Aku cinta padamu
63> Malayalam - Njan Ninne Premikunnu
64> Mandarin Chinese - Wo ai ni
65> Marathi - Me tula prem karto
66> Mohawk - Kanbhik
67> Moroccan - Ana moajaba bik
68> Nahuatl - Ni mits neki
69> Navaho - Ayor anosh'ni
70> Norwegian - Jeg Elsker Deg
71> Pandacan - Syota na kita!!
72> Pangasinan - Inaru Taka
73> Papiamento - Mi ta stimabo
74> Persian - Doo-set daaram
75> Pig Latin - Iay ovlay ouyay
76> Polish - Kocham Ciebie
77> Portuguese - Eu te amo
78> Romanian - Te ubesk
79> Russian - Ya tebya liubliu
80> Scot Gaelic - Tha gradh agam ort
81> Serbian - Volim te
82> Setswana - Ke a go rata
83> Sign Language - ,,,/ (represents position of
fingers when signing 'I Love You')
84> Sindhi - Maa tokhe pyar kendo ahyan
85> Sioux - Techihhila
86> Slovak - Lu`bim ta
87> Slovenian - Ljubim te
88> Spanish - Te quiero / Te amo
89> Swahili - Ninapenda wewe
90> Swedish - Jag alskar dig
91> Swiss-German - Ich lieb Di
92> Tagalog - Mahal kita
93> Taiwanese - Wa ga ei li
94> Tahitian - Ua Here Vau Ia Oe
95> Tamil - Nan unnai kathalikaraen
96> Telugu - Nenu ninnu premistunnanu
97> Thai - Chan rak khun (to male)
98> Thai - Phom rak khun (to female)
99> Turkish - Seni Seviyorum
100> Ukrainian - Ya tebe kahayu
101> Urdu - mai aap say pyaar karta hoo
102> Vietnamese - Anh ye^u em (to female)
103> Vietnamese - Em ye^u anh (to male)
104> Welsh - 'Rwy'n dy garu
105> Yiddish - Ikh hob dikh
106> Yoruba - Mo ni fe
107> Batak - Holong rohaku tu ho (update by
daulat)
108> Surabaya - aku tresno kara koe (Edited by
Kent)
109> Hakka - Ngai oi Ngi (update by Kent)
110> Hokien - Wa ai Lu (update by Kent)
111> Mongolia - Bi Charmed heir teh (update by
Kent)
112 > My Language - Keong kan!!
113> Nederlands - Ik hou van jou, ik zie je graag
114>> Chinese (main-land) >>> waq--ani---ni (not sure of the spelling)
115)Maltese >>> inhobbok
ငါ့ သူမ အတွက် ကံကောင်းချင်လိုက်တာကွာ . . . . . . ။သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးကို သတိရမိတယ်။
အဲလိုပါပဲ. . . .
ကျွန်တော်ဟာလည်း
ဘုရားသခင် မယုံကြည်နိုင်လောက်အောင် ကောင်မလေးတစ်ယောက်ကို ချစ်ခဲ့မိ ပြန်တော့
အရာရာကို ရင်ဆိုင်ကျေနပ်ခဲ့ ရတယ်လေ။ ။